Pages

Thursday, December 4, 2014

မိမိဖုန်းကိုသွက်လက်မြန်ဆန်မှုကိုပေးမယ်-Smart RAM Booster Pro v3.98.528 apk

Android phone /Tablet တွေ အတွက် အသုံးဝင်မယ့်ဆော့ဝဲလ်လေးဖြစ်ပါတယ်။ မိမိဖုန်းရဲ့ သွက်လက်မြန်ဆန်မှုကို စိတ်တိုင်းမကျသူတွေအတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။ တစ်ချက်နှိပ်လိုက်ရုံနဲ့မိမိဖုန်း Ram ပိုမိုသွက်လက်လာအောင်စွမ်းဆောင်ပေးမှာဖြစ်တဲ့အပြင် 1click Cache feature လည်းပါဝင်လာတာကြောင့်Cache cleaner လိုဆော့ဝဲလ် မျိုးမလုပ်တော့ ဘဲ တစ်ချက်ခုတ်နှစ်ချက်ပြတ်ကာ မိမိဖုန်းအတွက်လည်း အမှန်တကယ် အကျိုးရှိစေတဲ့ ဆော့ဝဲလ်ကောင်းလေးဖြစ်ပါတယ် ..အားရင်အားသလို တို့ထိ ပေးခြင်းအားဖြင့် မိမိဖုန်း Ram free ပိုရလာမှာဖြစ်ပြီးTheme Elector ကိုလည်း မိမိကြိုက်တဲ့ Design နဲ့ ဖုန်းပေါ်မှာ ထားရှိ အသုံးပြုနိုင်ကာ Widget မှာလည်း ထားသုံးနိုင်မှာဖြစ်ပါတယ် .Boosting Level လေးမျိုးပါဝင်မှာဖြစ်ပြီး လွယ်လွယ် ကူကူ အသုံးပြုလိုသူတွေ အတွက်တော့  noti မှာထားပြီး Click လုပ်ပေးနိုင်တာကြောင့် Android phone/Tabletကိုင်ဆောင်သူတိုင်းမိမိဖုန်း တပ်ပလတ်တွေကိုသွက်လက်မြန်ဆန်လိုပါက လက်မလွှတ်သင့်တဲ့ ဆော့ဝဲလ် ကောင်းလေးဖြစ်ပါတယ်။ ဒီကောင်လေးကတော့ Android OS 2.1 အထက်ရှိများသာသုံးနိုင်ပြီး ဖိုင်းဆိုဒ်လေးကတော့2.9 MB ဖြစ်ပါတယ်။

Tuesday, July 29, 2014

အရင်းနှီးမလိုပဲ့ တစ်နေ့ကို 160 ရအောင် online ငွေရှာနည်း



 

probux အကြောင်း

                       "အစားကောင်းစားရတဲ့အခါ မိတ်ဆွေကို သတိရခြင်းဟာ မင်္ဂလာတစ်ပါးပါ "

ဒီအလုပ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အီးမေးပို့ပြီး လုပ်ခိုင်းခဲ့တာပါ ။ သာမန်အလုပ်တစ်ခုလို့ ခပ်ပေါ့ပေါ့သဘောထားပြီး သေသေချာချာလည်း မဖတ်ဖြစ်ခဲ့ပါဘူး ။ ရတဲ့ငွေကလည်းနည်း ၊ Referralသဘောလည်းမသိ ၊ အိမ်မှာအင်တာနက်လိုင်း မရှိသေးတော့ ဆိုင်မှာသွားနှိပ်ရတာလည်းအဆင်မပြေ … စတဲ့အကြောင်းအမျိုးမျိုးတွေကြောင့် မလုပ်ဖြစ်ခဲ့ပါဘူး ။ အခုသူက ဆိုဒ်တစ်ခုမှာ တစ်လကို ဒေါ်လာ၁၀၀-၂၀၀ ၊ ဆိုဒ်၅ခုအတွက် ဒေါ်လာ ထောင်နှင့်ချီထုတ်နေတော့မှ ကျွန်တော်မျက်လုံးပြူးရပါတော့တယ် ။ အဲဒီတော့မှ သေသေချာချာ လေ့လာကြည့်တော့ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီအလုပ်နှင့်အဆင်ပြေနေသူတွေ ဒုနှင့်ဒေး တွေ့လိုက်ရတာပါပဲ ။ အဲဒီတော့မှ လေးလေးစားစား၊ စနစ်တကျနှင့် ဒီအလုပ်ကိုပြန်စဖြစ်ခဲ့တယ်။

 ပင်လယ်ရေဆိုတာ သောက်လို့မကုန်ပါဘူး ။ ဒါကြောင့်လည်း စာအုပ်လေးတွေရေးပြီး ကျွန်တော့်ရဲ့ မိသားစုတွေ ၊ မိတ်ဆွေသူငယ်ချင်းတွေ ၊ တမြေတည်းနေ တရေတည်းသောက်ကြတဲ့ ညီနောင်တွေလည်း ရပါစေဆိုပြီး မျှဝေခြင်းဖြစ်ပါတယ် ။ စာအုပ်ကိုဖတ်ပြီးရင် အလုပ်စဖြစ်အောင် စလိုက်ပါ ။ ကိုယ်မလုပ်နိုင်ရင်လည်း မိသားစုဝင်ထဲက တစ်ယောက်ယောက်ကို လုပ်ဖြစ်အောင် လုပ်ခိုင်းလိုက်ပါ ။ အမှုမဲ့အမှတ်မဲ့ ကုန်လွန်သွားမယ့် နေ့စဉ်တစ်နာရီကို အင်တာနက်ငွေပင်စိုက်ခြင်း ဖြင့် များစွာမဝေးလှတဲ့အနာဂတ်မှာ ဝေဝေဆာဆာပွင့်ဖူးလာမယ့် အသီးအပွင့်တွေကို အပြုံးတွေနှင့် ခူးဆွတ်ရင်း … သာယာချမ်းမြေ့သောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. ကျွန်တော့်ရင်ထဲက  ဆန္ဒပြုလိုက်ပါတယ်ဗျာ ။

 ဒီစာအုပ်မှာတော့ ကြော်ငြာရာခိုင်နှုန်းအပေးများ၊ လွယ်ကူရိုးရှင်း ၊ ယုံကြည်စိတ်ချရတဲ့ Probux အကြောင်းကို အဓိကရှင်းပြပေးသွားပါမယ် ။ PTC အလုပ်အကြောင်းကိုတော့ အသေးစိတ် မပြောတော့ပါဘူး ။ ကြော်ငြာကလစ်ရင်း ဝင်ငွေရတဲ့ PTC အကြောင်းကို အသေးစိတ်သိချင်ရင်တော့ ပထမစာအုပ် ၊ အရင်းအနှီးမလိုဘဲ အင်တာနက်တွင် ငွေပင်စိုက်နည်း-၁ ကို အရင်ဖတ်လိုက်ပါ ။  OK! probuxနှင့် ငွေရှာနည်း အကြောင်းကို စလိုက်ရအောင် ။

Account သစ်ပြုလုပ်နည်း

မန်ဘာဝင်ရန်ဒီကိုနှိပ်ပါ

  
(ပုံ-၁) ပုံထဲကအတိုင်း probux ရဲ့ homepage ကိုရောက်သွားပါလိမ့်မယ် ။ မန်ဘာဝင်ရန်အတွက်Register ဆိုတဲ့ သော့ခလောက်ပုံလေးကို နှိပ်လိုက်ပါ ။

 
 
(ပုံ-၂) Account သစ်ပြုလုပ်ဖို့ formကို တွေ့ရပါလိမ့်မယ် ။ လိုအပ်တဲ့အချက်အလက်များကို ထည့်သွင်းလိုက်ပါ ။ Referrer ဆိုတဲ့နေရာဟာ ခင်ဗျားရဲ့အထက်လိုင်း (သို့မဟုတ်) ဒီအလုပ်ကို လမ်းညွှန်ပေးတဲ့သူရဲ့ အမည်ကိုတွေ့ရပါလိမ့်မယ် ။ ကျွန်တော့်ရဲ့လင့်ခ်ကသွားရင်တော့ ကျွန်တော့် အမည်ကိုတွေ့မှာပါ ။ တခြားဘာမှတော့ မဟုတ်ပါဘူး ။ မလန့်ပါနဲ့ :)
အဲဒီနောက်မှာတော့ probux မှ ခင်ဗျားရဲ့ အီးမေးလိပ်စာအတိုင်း mailတစ်ခုကို ပို့ထားပါလိမ့်မည် ။ အီးမေးကိုဖွင့်ပြီး probuxမှပို့ထားတဲ့ confirmation link ကိုနှိပ်လိုက်တာနှင့် probuxရဲ့ မန်ဘာတစ်ယောက်ဖြစ်သွားပါပြီ ။ Memberဖြစ်သွားပြီဆိုတော့ ထုံးစံအတိုင်း Login မှာ username , password ရိုက်ထည့်ပြီးဝင်လိုက်ပါ ။ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသော ခင်ဗျားတို့ရဲ့ Account page ကိုရောက်သွားပါပြီ ။ :) ကြော်ငြာများကို စတင်ကလစ်ပါမယ် ။

View Ads (ကြော်ငြာကလစ်ခြင်း)

(ပုံ-၃) ကြော်ငြာများကို ကလစ်ရန်အတွက် အပေါ်ဘက်မှတွေ့နေရသော View Ads ကိုနှိပ်လိုက်ပါ ။
(ပုံ-၄) ကြော်ငြာများကို တွေ့ရပါလိမ့်မယ် ။ လိမ္မော်ရောင်များကတော့ ကြော်ငြာကြီးတွေပါ ။ probux မှာ ကြော်ငြာကြီး၎ခုကို နေ့စဉ်ပုံမှန်ပေးထားပါတယ် ။ ကြော်ငြာတစ်ခုကို ကလစ်လိုက်ပါ ။

 
 
(ပုံ-၅) New tab window တစ်ခုပွင့်လာပါလိမ့်မယ် ။ အချိန်ပြည့်အောင်ခဏစောင့်လိုက်ပါ ။

 
 
(ပုံ-၆) ပုံထဲကလို စာတန်းလေးပေါ်လာရင် ပိတ်နိုင်ပါပြီ ။ တခြားဆိုဒ်တွေလို ပုံတွေကို ကလစ်ဖို့ မလိုတော့ပါဘူး ။ စာတန်းပေါ်လာတာနှင့် ခင်ဗျား Account Balance ထဲကို ပိုက်ဆံ ရောက်သွားပါပြီ ။ ဒီနည်းအတိုင်း ပေးထားတဲ့ ကြော်ငြာတွေကို ကုန်အောင်ကလစ်လိုက်ပါ ။ သေချာအောင် Refreshလုပ်ကြည့်ပါ ။ အိုကေ … ကြော်ငြာအားလုံးကလစ်ပြီးပြီဆိုရင် ကံစမ်းကြော်ငြာထပ်ကြည့် နိုင်ပါတယ် ။

ProGrid (ကံစမ်းကြော်ငြာကြည့်ခြင်း)

 
(ပုံ-၇) ကံစမ်းကြော်ငြာများကို ProGrid တွင်ကြည့်နိုင်ပါတယ် ။ ProGrid ကိုနှိပ်လိုက်ပါ ။

 
(ပုံ-၈) Grid lineများနှင့် ဓာတ်ပုံပေါ်တွင် နှစ်သက်ရာအကွက်ကို နှိပ်ပြီးကြည့်လိုက်ပါ ။
 
 
(ပုံ-၉) New tab window တစ်ခုပေါ်လာပါမယ် ။ အချိန်ပြည့်အောင်စောင့်ပြီးရင် ပိတ်နိုင်ပါပြီ ။ Probuxတွင် တစ်နေ့ အကြိမ်၂၀ ကံစမ်းကြော်ငြာကြည့်နိုင်ပြီး 5$ ထိကံထူးနိုင်ပါတယ် ။
          ဒါဆိုရင် တစ်နေ့တာအလုပ်ပြီးသွားပါပြီ ။ အချိန်ရမယ်ဆိုရင် တခြားအခွင့်အလမ်းတွေဖြစ်တဲ့ Tasks နှင့် Offers မှာလည်း ငွေရှာနိုင်ပါတယ် ။ Tasksကတော့ သူတို့ပေးထားတဲ့ instructionအတိုင်း လုပ်ပေးနိုင်ရင် ငွေရပါတယ် ။ ဒါပေမယ့် unavailabelဖြစ်တာများတယ် ။ Offers ကတော့ နည်းနည်းပိုလွယ်ပါတယ် ။

Tasks & Offers

 
(ပုံ-၉က) Offersကြည့်ချင်ရင်တော့ pageအပေါ်ဘက်က Offersကိုနှိပ်လိုက်ပါ ။

 
(ပုံ-၉ခ) Offersအတွက် company ၃ခုကိုတွေ့ပါလိမ့်မယ် ။ တစ်ခုကိုကလစ်လိုက်ပါ ။ အလွယ်ဆုံးနှင့် အကောင်းဆုံးကတော့ Freeပါပဲ J ။ အဲဒီမှာ download / sing up / install / facebook like  စတဲ့ offers တွေနှင့် လုပ်အားခတွေကို တွေ့ရပါလိမ့်မယ် ။ သူတို့ပြောတဲ့အတိုင်းလုပ်ပေးရပါမယ် ။ video မှာလည်း ကြော်ငြာတိုလေးတွေ ကြည့်ပြီးငွေရှာနိုင်ပါတယ် ။ Survey ကတော့ Research မေးခွန်း တွေကိုဖြေပေးရတာပါ ။ အချိန်ကတော့ ၁၅မိနစ်ပေးထားပါတယ် ။ completeဖြစ်ဖို့တော့ မလွယ်ဘူးဗျ ။ ကျွန်တော် ၁၀ခါဖြေရင် ၁ခါလောက်ပဲ completeဖြစ်တယ် ။ ခင်ဗျားတို့ စိတ်ဝင်စားရင် စမ်းကြည့်ပေါ့ ။ Surveys သက်သက်ဖြေရင်း ငွေရှာတဲ့ဆိုဒ်တွေလည်း ရှိပါတယ် ။ Probux တွင် Offers sponsor company များမှာ လုပ်အားခကို Procoinsဖြင့်ပေးပါတယ် ။ ဒါပေမယ့် companyရဲ့ pendingကို တလစောင့်ရပါတယ် ။ ဒီလအတွက်ကို နောက်လမှရှင်းတဲ့သဘောပါပဲ ။ Procoins နှင့် cash လဲနှုန်းကတော့ အောက်ပါအတိုင်းပါပဲ ။
  • 5,000 ProCoins = $5 ($1 per 1000)
  • 10,000 ProCoins = $11 ($1.1 per 1000)
  • 20,000 ProCoins = $24 ($1.2 per 1000)
  • 30,000 ProCoins = $39 ($1.3 per 1000
  • 40,000 ProCoins = $56 ($1.4 per 1000)
  • 60,000 ProCoins = $90 ($1.5 per 1000)
  • 80,000 ProCoins = $128 ($1.6 per 1000)
  • 100,000 ProCoins = $170 ($1.7 per 1000)
အနည်းဆုံး 5000coins ဆိုရင်လဲနိုင်ပါပြီ ။ များများစုထားလေ ရာခိုင်နှုန်းများလေပါပဲ ။ အိုကေ .. probuxမှာ ၇ရက်-၁၀ရက်လောက်နှိပ်ပြီးရင် Referralsတွေကို စတင်ဝယ်နိုင်ပါပြီ ။

Rental balance ပြောင်းခြင်း

(ပုံ-၁၀)Referrlasဝယ်ရန်ခင်ဗျားရဲ့ Main Balance မှငွေများကို Rental Balance ပြောင်းပေးရပါမယ်။
My Account page တွင်တွေ့ရသော Rental balance ဘေးမှ Add funds ကိုနှိပ်လိုက်ပါ

 
(ပုံ-၁၁) payment method ကို probux main balance ကိုရွေးလိုက်ပါ ။ ခင်ဗျားတို့ကြော်ငြာကလစ် ထားတဲ့ငွေတွေပါ ။
 
 
(ပုံ-၁၂) အဲဒီနောက် ခင်ဗျားလဲလှယ်မယ့်ပမာဏကို ရွေးလိုက်ပါ ။ ရွေးပြီးရင်တော့ ADD FUNDS ကိုနှိပ်လိုက်ပါ ။
 
(ပုံ-၁၃) ဒါဆိုရင်တော့ လဲပြီးသွားပါပြီ ။ Referralဝယ်ရန် My Account page ကိုသွားလိုက်ပါ ။

Neobux.com

Referrals ဝယ်/ငှားခြင်း

 
(ပုံ-၁၄) Referralsဝယ်ရန် My Account page တွင်ရှိသော Rent Referrals ပုံကိုနှိပ်ရပါမယ် ။
 
(ပုံ-၁၅) Referrals pack များမှာ အရေအတွက်အလိုက် ဈေးနှုန်းများကွဲပြားပါတယ် ။ လက်ရှိငွေနှင့် လုံလောက်သော referrals ၃ခုကို 0.6$နှင့်ဝယ်ပါမယ် ။ 3 ကိုရွေးလိုက်ပါမယ် ။
 
 
(ပုံ-၁၆) ဝယ်မှာကျိန်းသေတဲ့အတွက် YES ပါ ။
 
(ပုံ-၁၇က) ဝယ်ပြီးသွားပါပြီ ။ Referrals များကို ၇ရက်တွင် ၁ကြိမ်သာဝယ်ခွင့်ရှိပါတယ် ။ နောက်တပတ်မှ နောက်ထပ် Referrals များကိုထပ်မံဝယ်ယူပါမယ် ။ လောလောဆယ် ဝယ်ထားတဲ့ referralsတွေကို စီမံခန့်ခွဲဖို့သွားကြည့်ပါမယ် ။
 
 
(ပုံ-၁၇ခ) Referrals များကို စီမံခန့်ခွဲရန် My Account page တွင်ရှိသော Referrals menu အောက်မှ Rentedကိုနှိပ်လိုက်ပါ ။
 
 
(ပုံ-၁၈) ဝယ်ထားတဲ့ Referrals တွေကိုတွေ့ရပါပြီ ။ AutoPay မှာ Disabled ဖြစ်နေတဲ့အတွက်  Enableကိုနှိပ်ပေးရပါမယ် ။
 
 
(ပုံ-၁၉) AutoPay မှာ Enabled ဖြစ်သွားတဲ့အခါ Referralsများ သက်တမ်းကုန်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ပါပြီ ။ တစ်ချို့က ချက်ချင်းအလုပ်လုပ်ပေမယ့် တစ်ချို့ကိုတော့ တပတ်လောက်အထိစောင့်ကြည့်ပေးရပါမယ် ။
 
 
(ပုံ-၂၀) Referralsတွေဟာ ခင်ဗျားကိုဝင်ငွေတိုးစေတဲ့ ကိုယ်စားကလစ်တွေပါ ။ ဂရုတစိုက် စောင့်ကြည့်ပေးဖို့လိုပါတယ် ။ Referrals တစ်ခုရဲ့ Avg. ဟာ ပျမ်းမျှ 2 (သို့) 2 နီးပါးလောက် ဖြစ်နေရပါမယ် ။ တကယ်လို့ active မဖြစ်တဲ့ Referralsများရှိရင် recycle လုပ်ခြင်းဖြင့် active ဖြစ်သော referral တစ်ခုရနိုင်ပါတယ် ။ recycleဈေးနှုန်းကတော့ တစ်ခုကို 0.07$ပါ ။ တစ်ခုချင်းကို အစိမ်းရောင်ကွင်းကိုနှိပ် ပြီး recycleလုပ်နိုင်သလို ၊ အများဖြင့်လုပ်လိုလျင် လေးထောင့်ကွင်းထဲမှာအမှတ်ခြစ်ပြီး ပေါ်လာတဲ့ drop-down menu မှလည်းလုပ်နိုင်ပါတယ် ။ active ဖြစ်တဲ့ referralsတွေကို ထပ်မံသက်တမ်းတိုး ချင်ရင်လည်း ထိုနည်းအတိုင်းပြုလုပ်နိုင်ပါတယ် ။

ဝင်ငွေကြမ်းတွက်ခြင်း

(ပုံ-၂၁) ဝင်ငွေကြမ်းတွက်ရန် Pageရဲ့အောက်ဘက်မှ FAQs ကိုနှိပ်လိုက်ပါ ။
 
 
(ပုံ-၂၂) Earnings calculatorတွင် down-arrowများကိုနှိပ်ကာ အမျိုးမျိုးပြောင်းပြီး အနာဂတ်ဝင်ငွေ ခန့်မှန်းခြေကို တွက်ချက်နိုင်ပါတယ်။ 

Direct Referrals ရှာဖွေခြင်း

 
(ပုံ-၂၃) My Account page တွင်ရှိသော Your referral link ကိုနီးစပ်ရာမိတ်ဆွေများ ၊ မန်ဘာ ဖြစ်လိုသူများကို ထိုလင့်ခ်မှတဆင့် မန်ဘာဝင်စေခြင်းဖြင့် direct referralsရှာဖွေနိုင်ပါတယ် ။
ဝက်ဆိုဒ်ရှိသူများ (သို့) ဝက်ဆိုဒ်များတွင်ကြော်ငြာထည့်ပြီး ရှာချင်တယ်ဆိုရင်တော့ My Account > Global > Get Referrals ကိုနှိပ်လိုက်ပါ ။
 
 
(ပုံ-၂၄) ခင်ဗျားရဲ့ ကိုယ်ပိုင်လင့်ခ်နှင့် Bannerများကိုတွေ့ရပါလိမ့်မယ် ။ မိမိရဲ့အမည်ကို မဖော်ပြချင်ဘူး ဆိုရင်တော့ Show my username as: မှာ ကုတ်နံပါတ်အဖြစ်ပြောင်းလဲနိုင်ပါတယ် ။ တကယ်တော့ Direct referrals ရှာဖွေခြင်းဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝပါ ။ သူ့အတွက် အခွင့်အရေးကို ကိုယ်ကလမ်းညွှန်ပေးတာပါ ။ အဲဒီအတွက် ကိုယ်ကလည်း companyကပေးတဲ့ ရာခိုင်နှုန်းကို ခံစားရပါတယ် ။
          အိုကေ .. နေ့စဉ်ကြော်ငြာကလစ်လိုက် ၊ Referrals ဝယ်လိုက် ၊ Direct referrals ရှာလိုက် ၊ ပွားများလာတဲ့ငွေတွေကိုစုထားလိုက်နှင့် … လုံလောက်တဲ့တစ်နေ့မှာ ကျွန်တော်တို့ဟာ Accountကို upgrade တစ်ဆင့်ချင်းလုပ်သွားပါမယ် ။

Account upgrade ပြုလုပ်ခြင်း


 
(ပုံ-၂၅) Account upgrade ပြုလုပ်လိုလျင် My Account page မှ Upgrade Account (သို့) Upgradeပုံလေးကိုနှိပ်လိုက်ပါ ။

 
 
(ပုံ-၂၆) probux မှာ Account အမျိုးအစား၃မျိုးရှိပါတယ် ။ ကွာခြားချက်အသေးစိတ်ကိုတော့ အဲဒီမှာပဲဝင်ဖတ်လိုက်ပါ ။ ကျွန်တော်တို့ဟာ ပထမအဆင့်အနေနှင့် ဒေါ်လာ၈၀စုပြီး GOLDEN ကိုဝယ်ပါမယ် ။ ဒုတိယအဆင့်ကတော့ ဒေါ်လာ၇၉၀စုပြီး ULTIMATE ကိုဝယ်ဖို့ပါပဲ ။ ဒါဟာ ကျွန်တော်တို့ရဲ့ ပန်းတိုင်ပါပဲ ။ Ultimate တစ်ယောက်အနေနှင့် တလပျမ်းမျှဝင်ငွေဟာ ဒေါ်လာ၃၀၀ နှင့်အထက်ဖြစ်နေပါပြီ ။ အဲဒီအချိန်မှာ ဝင်ငွေတစ်ချို့ကိုလည်း ထုတ်ယူသုံးစွဲနိုင်ပါပြီ ။ ဒီဝင်ငွေဟာ ကျွန်တော်တို့ ကလစ်နေသမျှတသက်လုံးရသွားမယ့် ဝင်ငွေပဲဖြစ်ပါတယ်ခင်ဗျား ။ ။ ဒီလောက် ကျိန်းသေခိုင်မာတဲ့ ဝင်ငွေစီးကြောင်းကို တည်ဆောက်ချင်တယ်ဆိုရင်တော့ -
ဒီမှာအခုပဲ မန်ဘာဝင်လိုက်ပါတော့ဗျာ :P

ငွေထုတ်ယူခြင်း

          ငွေထုတ်ဖို့အတွက်တော့ My Account page တွင်ရှိသော Cashout မှထုတ်ယူနိုင်ပါတယ် ။ အဲဒီအတွက် PayPal Account / email တစ်ခုလိုအပ်ပါတယ် ။ PayPal Account ပြုလုပ်ပုံကို ပထမစာအုပ်မှာ ရေးခဲ့ပြီးပါပြီ ။ သိပ်အခက်အခဲကြီးမဟုတ်ပါဘူး ။ အားလုံးပဲကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဗျား။
   
ဒီစာအုပ်လေးကို အစ်ကိုအောင်ကိုမင်း မှ ပြန်လည်ကူးယူဖော်ပြပေးထားခြင်းဖြစ်ပါတယ်။

Sunday, May 11, 2014

Android နှင့်ပက်သက်၍ အနည်းဆုံး သိသင့်သမျှ



Android ကိုစတင်လေ့လာဖို့ကျိုးစားနေသူတွေအနေနဲ့ အများပြောနေကြတဲ့
Bootloader , Firmware, ADB , Stock ROMs, Custom ROMs, OS Kernel,
ClockworkMod, Flashing , Rooting , Baseband စသဖြင့် စာလုံး အထူး
အဆန်းတွေခြည်းတွေ့ရလို့ လေ့လာချင်စိတ်ကုန် သွားတတ်သလို့၊ တစ်လုံး စီနဲ့
သူတို့ရဲ့ သီးသန့် အလုပ်လုပ်ပုံကို အတိအကျ မသိရင် နာမည်သာခေါ်နေပေမယ့်
အနှစ်သာရ မဲ့နေတတ်ပါတယ်၊ တကယ်လေ့လာလိုသူတွေအနေနဲ့ လဲ တစ်ခုစီရဲ့
အဓီပါယ်နဲ့ အသုံးဝင်ပုံ အသေးစိတ်အလုပ်လုပ်ပုံတို့ကို သေချာ သိကိုသိထား
ရပါမယ်၊ ဒီပို့စ်မှာ အထက်က စာလုံးတွေအကြောင်း ရှင်းသွားပေးပါမယ်၊
တကယ်ပညာရှင်အဆင့် တက်လှမ်းချင်သူတွေအတွက် Open Source ဖြစ်တဲ့ Android က
မည်သူမဆို ဒေါင်းယူနိုင်ပီး ကြိုက်သလို ဖြတ်နိုင် ပြင်နိုင် ပါတယ်၊
စိတ်ကြိုက်ပြောင်းနိုင် မိမိနဲ့ အသင့်တော်ဆုံး ဖြစ်တဲ့ System
တစ်ခုဖြစ်သွားတဲ့ အထိ ပြုပြင်ယူလို့ရပါတယ်၊

Bootloader ဆိုတာဘာလဲ

Bootloader ဆိုတာက Operation System မစတင်ခင် အလုပ်လုပ်တဲ့ Code
အစိတ်အပိုင်းလေးကိုခေါ်ပါတယ်၊ Bootloader ထဲမှာ OS kernal ကို
စတင်အလုပ်လုပ်အောင် ခေါ်မယ် ညွန်ကြားချက်တွေပါပါတယ်၊ Bootloader က Internal
Memory ထဲမှာရှိတဲ့ Paratition တွေအားလုံးက ရဲ့ ပထမဆုံး Partition မှာ
တည်ရှိမှာဖြစ်ပီး အခြား Partitions တွေအားလုံးကို သွားမယ့် Check Point
ပါပဲ၊

Bootloader ဘယ်လိုအလုပ်လုပ်တာလဲ

Power စဖွင့်တာနဲ့ ROM ထဲမှာရှိတဲ့ Boot ROM Code က စပီးအလုပ်လုပ်ပါတယ်၊
ပီးရင် Bootloader လို့ခေါ်တဲ့ Boot Strap Firmware ကို နိုးမယ်၊ Boot
Strap Firmware ထဲမှာ MBR and GRUB/LILO တို့ပါဝင်တယ်၊ Bootloader
အလုပ်စပီဆိုတာနဲ့ init.S ဖိုင် စအလုပ်လုပ်တယ် ၊ အရင် ဆုံး BSS segment ကို
0 တန်ဖိုးရောက်သွားအောင်ရှင်းတယ်၊ ပီးရင် main.c ဖိုင်ကို စခေါ်မယ်၊ main.c
ဖိုင် စ အလုပ်လုပ်တာနဲ့ hardware အစိတ်အပိုင်းတွေဖြစ်တဲ့ clocks, board,
keypad, console တို့ကိုစတင်စေမယ်၊ ပီးရင် Linux Tags ကိုဖန်တီးပီး Linux
Kernel image ကို Memory ကနေ ၀င်တင်မယ်၊

Botloader ရွေးချယ်မှူ

Bootloader က Phone မှာပါဝင်တဲ့ အခြား မည်သည့် software မဆိုရဲ့ အဦးဆုံး
စတင်တဲ့ အတွက် မှန်ကန်တဲ့ processor ကိုအသုံးပြုဖို့
အလွန်အရေးကြီးလှပါတယ်၊ Android OS က Open Source ဖြစ်တဲ့ အတွက်
ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီတွေက သူတို့ ထုတ်လုပ်တဲ့ ဖုန်း Hardware နဲ့
ကိုက်ညီတဲ့ Bootloader version ကို Develop လုပ်ထားကြပါတယ်၊ Android
ဖုန်းတွေမှာပါဝင်တဲ့ Bootloader တွေကို အမြဲတမ်း Locked ချထားပါတယ်၊
ဒီလိုလုပ်ထားတာကတော့ ထုတ်လုပ်တဲ့ ကုမ္မဏီတွေကို သူတို့ထုတ်လုပ်တဲ့ဖုန်းကို
သူတို့ထုတ်လုပ်တဲ့ OS version နဲ့ ပဲတွဲသုံးစေချင်လို့ပါ၊ Bootloader ကို
Locked လုပ်ထားရင် Custom ROM install လုပ်လို့မရပါဘူး၊ ဒါကြောင့် Custom
ROM Install လုပ်လိုရင် Bootloader ကို အရင် Unlock လုပ်ရပါတယ်၊

Kernel ဆိုတာဘာလဲ

Kernel ဆိုတာက Android တစ်ခုထဲမှာသာလျှင်ရှိတာ မဟုတ်ပဲ
IOS,MacOS,Window,BlackBerry's QNX တို့မှာလဲရှိပါတယ်၊ High Level
Operation Systems အားလုံးမှာ Kernel တစ်ခုတော့ ပါဝင်ပါတယ်၊ ခု ပြောမှာက
Android အကြောင်းဆိုတော့ Linux Kernel ကိုပဲ ဦးတည်ပီးပြောသွားပါမယ်၊
Android သုံးသမျှ ပစ္စည်းတွေက Linux Kernel ကိုသုံးကြပါတယ်၊ ဒါပေမယ့် Linux
Operation System က သုံးတဲ့ Kernel နဲ့တော့ တထပ်တည်းမတူပါဘူး၊ Android
Kernel မှာ Android အတွက် သီးသန့် Build-in code တွေပါနေပါတယ်၊
ဒါ့ကြောင့်ပဲ Developers တွေနဲ့ hackers တွေအတွက် Android Versions
အသစ်တွေကို Android ဖုန်း အဟောင်းတွေမှာ ထည့်သွင်းပီး အားလုံး အဆင်ပြေပြေ
အလုပ်ဖြစ်အောင်လုပ်ဖို့ အတော့ကိုစောင့်ရပါတယ်၊ Gingerbred kernel အတွက်
သုံးတဲ့ drivers တွေက Ice Cream Sandwich kernel အတွက် အလုပ်လုပ်မှာ
မဟုတ်ပါဘူး၊ ဒီကစ္စက လဲ အရေးကြီးပါတယ်၊ Kernel ရဲ့ အဓီက အလုပ်က Hardware
ကို ထိန်းချုပ်ဖို့ တာဝန်ကိုယူထားလို့ပါ၊ kernel ကိုရေးတဲ့ ကုတ်တွေလဲ
တကယ့်ကိုများလှပါတယ်၊ Kernel ရဲ့ အဓီက တာဝန်ကတော့ Hardware နဲ့ Software
တို့ကြားမှာ နှစ်ဖက်ညွန်ကြားချက်တွေကို နာလည်အောင် လုပ်ကိုင်ပေးဖို့ပါပဲ၊

Software တစ်ခုက ဘယ်လို အလုပ်မျိုးကိုမဆို Hardware ကို လုပ်စေချင်တဲ့
အခါကျရင် Hardware ကို တိုက်ရိုက် အမိန့်မပေးပဲနဲ့ Kernel ကို
ညွန်ကြားချက် အရင်လှမ်းပို့ပါတယ်၊ ဒီနေရာမှာ အလုပ်ဆိုတာက ဖုန်းက
လုပ်နိုင်တဲ့ အလုပ်အားလုံးကိုညွန်းပါတယ်၊ ဖုန်း Screen
အလင်းရောင်ချိန်တာတို့၊ အသံ အနိမ်း အမြင့် ချိန်တာတို့၊ Raido ကို
ချိတ်ဆက်ပီး ဖုန်းခေါ်ဆိုတာတို့၊ ဖုန်း မျက်နှာပြင်မှာ ပုံဆွဲတာတို့
စသဖြင့် အလုပ် မှန်သမျှကို Software က လုပ်လိုတဲ့အခါကျရင် Hardware
ကိုတိုက်ရိုက် မခိုင်းပဲ Kernel ကိုလှမ်းခိုင်းလိုက်ပါတယ်၊ အဲ့ဒီ့ အခါမှာ
Kernal က တဆင့် Hardware ကို လုပ်မယ့်အလုပ်ကိုညွန်ကြားပါတယ်၊ ဥပမာ
ကျွန်တော်တို့ ဖုန်း မျက်နှာပြင်ပေါ်မှာ က ကင်မရာ (Camera) ရိုက်တဲ့ခလုပ်
မှာ ခလစ်တစ်ချက်နှိပ်ပီး ဓါတ်ပုံရိုက်တယ်ဆိုပါစို့ ၊
ခလုပ်ကိုနှီပ်လိုက်တာနဲ့ကို software က Event တစ်ခုကိုနားထောင်လို့ရမယ်
ရတဲ့ Event ဖြစ်ပေါ်တဲ့နေရာကို driver ကတဆင့် Kernel ကို ပို့မယ်၊ kernel
ကလဲ ရလာတဲ့အချက်နဲ့ ပက်သက်တဲ့ command ကို Camera hardware
ကိုလှမ်းပို့မယ်၊ Camera Hardware က ဓါတ်ပုံကို ရိုက်ပေးမယ်၊ ဒီလို တစ်ခုက
Software က Input လုပ်လိုက်တာကို Kernel က ယူပီး Output တစ်ခုအဖြစ်
Hardware ကိုပြန်ပေးပါတယ်၊

အကယ်၍ Kernel သာမရှိခဲ့ရင်တော့ Developers တွေက အလုပ်တစ်ခုစီအတွက်
အလွန့်အလွန်များပြားလှတဲ့ machine Code တွေကို ရေးပီး Hardware ကို
ခိုင်းစေရမှာဖြစ်ပါတယ်၊ Kernel က ကြားခံ ပေးထားတဲ့အတွက် Application
Developers တွေအနေနဲ့ Android System API's တွေကနေ တစ်ဆင့် Kernel ဆီကို
Resquest တွေအလွယ်တစ်ကူပို့နိုင်ပီး Kernel နဲ့ ချိတ်ဆက် အလုပ်လုပ်ဖို့သာ
Develop လုပ်ရမှာဖြစ်သလို Hardware Developers တွေကလဲ သူတို့ Develop
လုပ်တဲ့ Hardware ကို Kernel နဲ့ ဆက်သွယ် အသုံးပြုနိုင်အောင်သာ Develop
လုပ်ပေးစရာလို့ပါတယ်၊

CWM ဆိုတာဘာလဲ

CWM ဆိုတာကတော့ ClockWorkMod ကိုဆိုလိုပါတယ်၊ CWM ကို Android သုံး ဖုန်း
နဲ့ Tablet တွေ Recovery လုပ်ဖို့သုံးပါတယ်၊ ဒီလို CWM သုံးပီး recover
လုပ်တာကိုပဲ CWM recovery လို့ခေါ်ပါတယ်၊ CWM recovery လုပ်ခြင်းအားဖြင့်
Stock Recovery နဲ့ မလုပ်နိုင်တဲ့ Data ပြန်လည်သိုလှောင်ခြင်း root access
ရယူခြင်း အသုံးပြုတဲ့ ဖုန်းထဲက data တွေကို Backup လုပ်ခြင်း Custom ROM
ထည့်သွင်း အသုံးပြုခြင်း Kernel တပ်ဆင်ခြင်း စသဖြင့်
အလုပ်တွေအများကြီးကိုလုပ်သွားနိုင်ပါတယ်၊ Android အခြေခံ အဆင့် ကို
နားမလည်သေးသူတွေအတွက် ClockWorkMod ကိုသုံးပီး Recovery လုပ်ရင် အခက်အခဲ
တွေ့နိုင်သလို CWM recovery က အစွမ်းကိုလဲ သဘောပေါက်ဖို့ခက်ခဲနေပါအုံးမယ်၊
Android Devices တွေအားလုံး recovery console ကို ဖုန်း အတွင်းပိုင်း
memory ထဲ ထည်ပီး ကုမ္မဏီတွေက ထုတ်လုပ်ရောင်းချပါတယ်၊ recover console ကနေ
Boot တက်နိုင်ပါတယ်၊ အကယ်၍ မလိုလားအပ်တဲ့ ပြသနာတွေ တက်လာပီးဆိုရင်
ကျွန်တော်တို့ Factory Reset သုံးပီး Recover လုပ်နိုင်ပါတယ်၊ ဒါမှမဟုတ်
zip ဖိုင်နဲ့ လာတဲ့ official ROM ကို Update လုပ်နိုင်ပါတယ်၊ ဒီလို
အချက်လောက်သာလျှင်လုပ်နိုင်တာပါ Custom Recovery ကတော့ သူမတူတဲ့
အလုပ်မျိုးကိုလုပ်နိုင်ပါတယ်၊ Custom Recovery ကတော့ Stock Recovery
လိုမဟုတ်ပဲ Stock Recovery လုပ်နိုင်သမျှကိုလုပ်နိုင်တဲ့ အပြင် ကိုယ်
ပိုင် Android ကို စိတ်ကြိုက် ထိန်းချုပ် နိုင်အောင် အဆင့်မြင့်တဲ့
Options တွေပါလာပါတယ်၊ Custom Recovery ကို သုံးရင် တရားဝင်ကော တရားမ၀င်
ROMs တွေကိုပါ Install လုပ်နိုင်ပါတယ်၊ အခြား Application Update
လုပ်ခြင်း Themes ပြောင်းခြင်း Kernel ပြောင်းလဲခြင်း Zip ဖိုင်
အသုံးပြုခြင်း User Data အပါအ၀င် ဖုန်း Partition တွေအားလုံးကို
ဖြတ်နိုင်ခြင်း SD cards Partition ခွဲခြင်း Dalvik Cache
များဖြတ်ပစ်ခြင်း Permission များပြောင်းလဲခင်း resotre နဲ့ Backup မှာ
စိတ်ကြိုက် အစိတ်အပိုင်းတွေကို ရွေးချယ်နိုင်ခြင်း နဲ့ အခြား အခြား သော
အလုပ်တွေအများကြီးကို စိတ်ကြိုက်လုပ်နိုင်ပါတယ်၊

ClockWorkMod recovery ကို Koushik Dutta က Develop လုပ်ခဲ့ပါတယ်၊ Android
ROM Manager ကို Develop လုပ်တဲ့သူပါပဲ၊ သူ့ရဲ့ Hacking away at Android
devices ဆိုတဲ့ Blog နဲ့ Twitter မှာ သူ့ကို ရှာတွေ့နိုင်ပါတယ်၊

Firmware နဲ့ ပက်သက်သမျှ

Firmware ဆိုတာက ROM (read only memory) ထဲကိုထည့်ရေးထားတဲ့ Software
program ကိုဆိုလိုပါတယ်၊ Window computer တွေမှာသုံးတဲ့ window7 install
လုပ်သ လိုပါပဲ၊ ဖုန်းအတွက် Firmware Install လုပ်တယ်ဆိုရင်တော့
Froyo,Gingerbread,HoneyCamb,ICS,Jelly Bean,Kitkat တို့လို Android
Version တွေကို Phone မှာ Install လုပ်ခြင်းပါပဲ၊ ဖုန်းတိုင်းမှာ မတူညီတဲ့
Firmware နဲ့ installation Tool တွေရှိပါတယ်၊ ဒါ့ကြောင့် ကြိုက်တဲ့
ဖုန်းမှာ ကြိုက်တဲ့ firmware ကို သုံးနိုင်မှာတော့ မဟုတ်ပါဘူး၊
တစ်ခုတော့ရှိတယ်၊ ROM ဆိုတာက မူရင်း အဓိပါယ် Read-Only-Memory
ကိုဆိုလိုပါတယ်၊ ဒီတော့ read only ဖတ်လို့ပဲရမယ် ရေးလို့မရဘူးဆိုတဲ့
သဘောပေါ့၊ ဒါဆိုရင် ဘယ်လိုလုပ်ပီး ROM ထဲက Firmware ကို Update
လုပ်နိုင်မှာလဲလို့တွေးစရာပါ၊ သဘောတရားအရ တော့ ROM ထဲမှာ Firmware
ရှိတယ်ပေါ့ ၊ နောက်ပိုင်းမှာတော့ Developer တွေက ROM ရဲ့ အပြင်မှာ
Firmware ကိုထည့်ရေးကုန်ကြပါတယ်၊ ဖုန်းရဲ့ Firmware ကို ROM လို့လဲခေါ်တယ်၊
အကြောင်းကတော့ သီအိုသီသဘောမှာ Firmware က ROM ထဲမှာရှိတယ်၊ ROM ဆိုတာ Read
Only Menory, ရှေ့က ထုတ်ခဲ့တဲ့ ဖုန်းတွေမှာတော့ Firmware က ROM
ထဲမှာရှိတယ်ဆိုတာမှန်ပါတယ်၊ ဒါပေမယ့် ယနေ့ အသုံးပြုနေတဲ့ ဖုန်းတွေမှာတော့
Firmware ကို ROM မထည့်တော့ပါဘူး၊ Firmware ကို ဖုန်းရဲ့ internal flash
meonry ထဲမှာ ထည့်ထားတယ်၊၊ internal flash meonry က Read Only မဟုတ်ဘူး၊
ဒါ့ကြောင့် firmware အသစ်တစ်ခုကို flash လုပ်လို့ရတာပေါ့၊

Flashing ဆိုတာဘာလဲ

Flashing လုပ်တယ်ဆိုတာက Eloctronic Device ဖြစ်တဲ့ Phone ထဲကို firmware
ထည့်သွင်းတာကိုဆိုလိုပါတယ်၊ Flashing လုပ်ခြင်းက ROM ထဲမှာရှိတဲ့ Data
တွေကို ပြန်ရေးခြင်းပါပဲ၊ Android ဖုန်းမှာ Custom ROMs ကို Stock ROMs
အစား Flashing လုပ်ပီးတော့ ဖုန်းထုတ်တဲ့ ကုမ္မဏီက ထည့်သွင်းပေးလိုက်တဲ့
Functions တွေကို ပြောင်းလဲ ပီး ပိုမိုကောင်းမွန်တဲ့ Unlimited
ဝင်ဆောင်မှူကို ရရှိနိုင်ပါတယ်၊

Rooting ဆိုတာဘာလဲ

Android System ရဲ့ Hardware Layer အပေါ်မှာရှိတဲ့ Linux Kernel ကို
လိုသလို ထိန်းချုပ်လို့ရနိုင်မယ့် အခွင့်အရေးရချင်လို့ Root access
လုပ်ကြပါတယ်၊ ဒီအခွင့်အရေးရယူနိုင်ခြင်းကိုပဲ Root Access
ရတယ်လို့ခေါ်ပါတယ်၊ Root Access ရသွားရင် Android File System ကို
စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်၊ Android File System ထဲမှာ အဓိက ပါဝင်တဲ့
အလွှာ (Partitions) ၆ ခု ကိုလိုသလို အသုံးချနိုင်ရင် Booting နဲ့ ပက်သက်တဲ့
Process တွေအားလုံးကိုထိန်းချုပ်နိုင် သလို File System ထဲက တန်ဖိုးတွေနဲ့
ထိန်းချုပ်မှူတွေကိုလဲ လိုသလို ပြုပြင်နိုင်ပါပီ၊ ဒါတင်မကပါဘူး
ကျွန်တော်တို့ စိတ်ကြိုက် SSH (Secure Share protocol) (သို့) HTTP (Hyper
Text Transfer Protocol) DHCP (Dynamic Host Configuration Protocol)
(သို့) DNS(Domain Name Server) နဲ့ Proxy Servers တွေကို လဲ
အသုံးပြုနိုင်ပါပီ၊ Android System ရဲ့ လုပ်ဆောင်မူတွေထဲက
ရပ်ချင်သမျှလုပ်ဆောင်ချက်တွေကိုလဲ ရပ်ထားနိုင်တဲ့ အပြင် Arbitrary
commands တွေလဲ အသုံးပြုနိုင်သွားပါတယ်၊ အခြားအခြား အခြား သော
အချက်တွေအများ အများကြီးကိုလဲလုပ်နိုင်ပါသေးတယ်၊ ဒီအချက်တွေက Root
လုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ပါ၊ ဒါကိုပဲ Rooting လုပ်တယ်လဲခေါ်ပါတယ်

ထုတ်လုပ်သူ တွေက သူတို့ရဲ့ Device တွေကိုရောင်းချတဲ့အခါ Software
restrictions တွေပါလာပါတယ်၊ ဒီလို Software Restrictions တွေပါလာရတဲ့
အကြောင်း အမျိုးမျိုးရှိပါတယ်၊ တစ်ချို့ကုမ္မဏီတွေကတော့ သူတို့ပစ္စည်းကို
အသုံးပြုတဲ့ သူတွေကို ကာကွယ်ပေးဖို့ ဆိုပီး Restrictions ထည့်ပါတယ်၊
ဘယ်လို အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကန့်သက်ချက်တွေပါဝင်နေခြင်းဟာ Android
ဖုန်း (သို့) Tablet ကို သုံးတဲ့သူ လိုအပ်တဲ့
ပုံစံအတိုင်းပြောင်းလဲဖို့ကြိုးစားတဲ့ အခါ မျိုး (သို့) အဆင့်မြင့်တဲ့
ပြင်ဆင်မှူပြုလုပ်ခြင်းမျိုး ပြုလုပ်တဲ့အခါမျိုးမှာ ကာစီနေတတ်ပါတယ်၊ ဒီလို
အကာ အစီးကို ကျော်ဖြတ်ပီး စိတ်ကြိုက်ထိန်းချုပ်နိုင်အောင် Root access
ရဖို့ကြိုးစားကြပါတယ်၊

Rooting လုပ်ခြင်းက Android သုံး ပစ္စည်းထုတ်လုပ်တဲ့ကုမ္မဏီတွေက
ကန့်သတ်ထားတဲ့ ကန့်သက်ချက်တွေကို ချိုးဖြတ်ပီး software ကို အကန့်အသက်
မရှိအသုံးပြုခြင်းပါပဲ၊ ဒီလို Rooting လုပ်ခြင်းအားဖြင့် ကျွန်တော်တို့ကို
ကန့်သက်ထားတဲ့ Android ပစ္စည်း ရဲ့ အစိတ်အပိုင်းမှာ ရေးချင်တာရေးနိုင်သလို
ပြုပြင်လိုသမျှကို ပြုပြင်သွားနိုင်ပါတယ်၊
Rooting အကြောင်းကို အသေးစိတ် ရှင်းပြထားတာကို pdf ဖိုင်နဲ့ ရေးပေးထားတာ
ရှိပါတယ်၊ အောက်က လင့်မှာ ဒေါင်းလုပ်ရယူပါ၊

Custom ROM နဲ့ Stock ROM တို့ ဘာကွာလဲ

Stock ROM နဲ့ Custom ROM ဆိုပီးနှစ်မျိုးရှိမယ်၊ Stock ROM က
ဖုန်းဝယ်တုန်းက ပါလာတဲ့ Phone Operation System. Stock ROM မှာ Software
Restriction တွေထည့်သွင်းထားတဲ့ အတွက် စိတ်ကြိုက်အသုံးပြုခွင့် မရတဲ့
Operation System ဖြစ်နေပါတယ်၊ Custom ROM ဆိုတာကတော့ OS Version
တစ်ခုပါပဲ၊ Custom ROM ထဲမှာလဲ Stock ROM တွေလိုပဲ Android Device
တစ်ခုလုံးကို အလုပ်လုပ်စေတဲ့ Kernel ပါတယ်၊ System Applications တွေပါမယ်၊
Services တွေပါမယ်၊ တစ်ခုပဲကွဲသွားတာက စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM
ဖြစ်ခြင်းနဲ့ Software Restriction တွေမပါခြင်းပါပဲ၊ ဒီတော့ Custom
ဆိုတဲ့စကားလုံးက ကဘာကိုရည်ညွန်းလဲ၊ Android က Open Source ဖြစ်တဲ့ အတွက်
Developers တွေက Stock ROMS တွေ အခမဲ့ယူလို့ရတယ်၊ ပီးရင် စိတ်ကြိုက်
ပြုပြင်လို့ရတယ် ဖျက်ပစ်လိုရာ ဖြတ်ထုတ်နိုင်တယ်၊
ထပ်ထည့်လိုတာထပ်ထည့်နိုင်တယ်၊ အရည်အချင်းရှိရင် ရှိသလောက် စိတ်ကြိုက်
ပြုပြင်ပြောင်းလဲပီး စိတ်ကြိုက် ROM ကို တည်ဆောက်ယူနိုင်တယ်၊ ဒီလို
စိတ်ကြိုက်တည်ဆောက်ထားတဲ့ ROM ကိုပဲ Custom ROM လို့ခေါ်တာပါ၊

ADB ဆိုတာဘာလဲ

ADB ရဲ့ မူရင်းစာလုံးကတော့ Android Debug Bridge ပါ၊ သူ နာမည်အတိုင်းပါပဲ
သူက ဖုန်းကို ပြုပြင်ဖို့ အတွက် ကွန်ပြူတာနဲ့ ဖုန်းကြားချိတ်ဆက် နိုင်တဲ့
တံတားတစ်စင်းပါ၊ Android Phone က Linux Kernel ကို အခြေခံထားပါတယ်၊ ဒီတော့
computer adb server ကိုအသုံးပြုပြီး ကွန်ပြူတာကနေ ဖုန်း ရဲ့ adb Client
ကို Linux commands တွေလှမ်းပို့နိုင်ပါတယ်၊ ဒီလိုလုပ်ပီး commands တွေကို
အလုပ်လုပ်စေနိုင်ပါတယ်၊ ဖုန်း အလုပ်လုပ်ပုံတွေမမှန်တော့တဲ့ အခါမျိုးမှာ
ဒီနည်းက တော့ အမှားရှာပီး ပြင်ဆင်ဖို့ တကယ့်ကို အသုံးဝင်တဲ့နည်းပါ၊
ဒီနည်းအတိုင်း ADB Server ဖြစ်တဲ့ Computer ကနေ ADB Client ဖြစ်တဲ့
ဖုန်းကို Linux Commands တွေပို့ပီး အလုပ်မလုပ်ဖူးသေးရင်တော့ မိတ်ဆွေ ADB
ရဲ့ အသုံးဝင် မှူကိုခံစားဖူးအုံး မှာ မဟုတ်သေးပါဘူး၊

Baseband ဆိုတာဘာလဲ
Baseband ဆိုတာကတော့ ဖုန်းတွေမှာသုံးတဲ့ Raido ကိုဆိုလိုပါတယ်၊ ဖုန်း
Version နဲ့ ထုတ်လုပ်တဲ့ ကုမ္မဏီ အလိုက် Raido Version တွေလဲကွာပါတယ်၊
Raido File တွေကို Recovery tools တွေကနေ Flash လုပ်နိုင်သလို ADB/ODIN
တို့ကလဲ Flash လုပ်နိုင်ပါတယ်၊ Raido (သို့) Modem နဲ့ ROM Version တို့
ကိုက်ညီမှူမရှိရင် တော့ MMS, 3G data, VM နဲ့ Network ပြသနာ
တတ်နိုင်ပါတယ်၊ ဒါကြောင့် အသုံးပြု နေတဲ့ ROM နဲ့ ကိုက်ညီတဲ့ Radio (သို့)
Modem ကို ရွေးချယ်နိုင်ဖို့လိုသလို ဖုန်းနဲ့ ကိုက်ညီတဲ့ network နဲ့
bandwidth တို့ကိုလဲ ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်၊

Raido Firmware က Network ချိတ်ဆက် ဆက်သွယ်ရေးအတွက် low-level functions
တွေကိုသုံးပီး Wi-Fi နဲ့ GPS တို့ ချိတ်ဆက်အသုံးပြုနိုင်စေပါတယ်၊ အကယ်၍
ဆက်သွယ်ရေး နဲ့ ပက်သက်တဲ့ ပြသနာမျိုး Android Device မှာ
တွေ့ကြုံနေရပီဆိုရင်တော့ Radio Firmware ကို Update လုပ်ဖို့လိုပါပီ၊
Radio Firmware ကို Update လုပ်ခြင်းက Range နဲ့ လုပ်ဆောင်မှူတွေကို
ပိုမိုကောင်းမွန်လာ မှာ ဖြစ်သလို Bettery အသုံးပြုမှူကိုလဲ
ရှော့ချပေးနိုင်ပါတယ်၊

ဖုန်းထဲမှာ Baseband Radio Processor Chipsets တွေပါဝင်ပါတယ်၊ ဒီ Chipsets
တွေကို ထိန်းချုပ်ဖို့အတွက် Software မျိုးစုံကိုလဲ ဖုန်းထုတ်လုပ်တဲ့
ကုမ္မဏီတွေက Develop လုပ်ကြပါတယ်၊

ဒီပိုစ်ကို pdf ဖို်င်အဖြစ်ဒေါင်းလုဒ်ရယူချင်ရင် အောက်ကလင့်မှာရယူနိုင်ပါသည်
http://goo.gl/7HwTYU


ဒီပို့စ်ကို BrighterMyanmar အဖွဲ့ရေးသားခဲ့တာပါ

Tuesday, April 1, 2014

IOS တွင် အကောင်းဆုံး Backup Application





IOS တွင် အကောင်းဆုံး Backup Application ကိုပြန်ရှယ်ပေးလိုက်ပါတယ်....ခင်ဗျ။ နာမည်ကျော် Cydia Tweak လေးပါ ခင်ဗျ။ ဒီ Cydia Tweak လေးကို BigBoss Repo တွင် $9.99 ဖြင်.ရောင်းထားသော်လည်း...ကျွန်တော် Repo တွင် Free ရယူပါ.......




Cydia တွင် ကျွန်တော် Repo (Sources) ကို Add လုပ်ပေးပါ...... 

Cydia>Manage>Sources>Edit>Add>http://cydia.myrepospace.com/komin27/ 


 

 Add ပြီးပါက PkgBackup ကိုရှာပြီးဒေါင်းပေးပါ။





























ကျွန်တော် Repo လေးအား အသုံးပြု အားပေးတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်....ခင်ဗျ.....အားလုံးကို ဒီထက်မက ကူညီနိုင်အောင်.လေ.လာသင်ယူနေလျှက်ပါ..........ကျွန်တော် Facebook Page လေး ပြုလုပ်ထားပါတယ်.....ခင်ဗျ....Repo မှာနောက်ဆုံးတင်သော Tweaks / Updtae ပေးထားသော Tweaks တွေကို ကျွန်တော် ရဲ. မိတ်ဆွေတွေ အလွယ်တကူ သိစေရန် ရည်၇ွယ်ပါတယ်......ထိုကြောင်
" Facebook Page " ကို Like & share လုပ်ပေးချင်းဖြင်. ကူညီပေးပါ ခင်ဗျ။

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Thursday, March 27, 2014

အမိုက်စား Launcher လေးတစ်ခု - Lucid Launcher Pro v2.22 APK



Lucid Launcher Pro v2.22 APK

အခုတင်ပေးလိုက်တဲ့ Launcher လေးကတော့ နာမည်မကြီးသေးပေမယ့် ခက်မိုက်မိုက် Launcher လေးတစ်ခု ပါ။ အခုနောက်ပိုင်းမှ အသစ်ပေါ်လာတဲ့ Launcher လေးတစ်ခုပါ။ အသစ်ထွက်ခါစဆိုတော့ သုံးတဲ့သူနည်း ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီဇိုင်းကလည်း Next Launcher တို့လို နာမည်ကြီးတွေထက်မညံ့ပါဘူး။ သူများတွေနဲ့ မတူတဲ့ Launcher တွေကိုမှသုံးချင်သူများအတွက် အကြိုက်တွေ့စေမှာပါ။ နမူ နာတင်ပေးထား တဲ့ Screen Shot တွေကိုကြည့်လိုက်ပါဦး။ Android OS 2.2.3 နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ် ဗျာ။


Lucid Launcher Pro - screenshot thumbnail  Lucid Launcher Pro - screenshot thumbnail 
Lucid Launcher Pro - screenshot thumbnail   Lucid Launcher Pro - screenshot thumbnail 
Lucid Launcher Pro - screenshot thumbnail   Lucid Launcher Pro - screenshot thumbnail 

 **  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။