Pages

Saturday, August 22, 2015

ပရိုဂရမ်ရေးသားခြင်းကို အခမဲ့လေ့လာနိုင်သော Free sites များ


ပရိုဂရမ်ရေးသားခြင်းနယ်ပယ်က ယနေ့ခေတ်မှာအရှိန်အဟုန်ဖြင့်တိုးတက်မြင့်မားလာပြီး programmer လိုအပ်ချက်မြင့်တက်လာလျှက်ရှိပါတယ်။ဘာ့ကြောင့်လည်းဆိုတော့ ကွန်ပျူတာ၊တက်ဘလက်၊စမတ်ဖုန်းများနဲ့ လူတွေကနေ့တဓူဝလုပ်ငန်းဆောင်တာများစွာကို လုပ်ဆောင်လျှက်ရှိသလို နေရာတိုင်းမှာ အိုင်တီနည်းပညာများကိုအသုံးပြုနေကြသောကြောင့်ဖြစ်ပါတယ်။ မည်သို့သောနယ်ပယ်တွေမှာမဆို အိုင်တီကိုသုံးစွဲလျှက်ရှိပြီး အလွန်အရေးပါသောအခန်းကဏ္ဍကနေ ပါဝင်နေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် ဆော့ဖ်ဝဲရေးသားခြင်းနယ်ပယ်မှာ အမြဲတမ်းလူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်က တစ်နေ့တစ်ခြားကြီးမားလာခဲ့သောကြောင့် ဆော့ဖ်ဝဲရေးသားခြင်းအတွက်လိုအပ်သော programming ပညာရပ်များကို ကျွမ်းကျင်ပြောင်မြောက်စွာလုပ်ဆောင်ကြမည်ဆိုလျှင် ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများစွာကိုရှာဖွေနိုင်မည်ပဲဖြစ်ပါတယ်။
မိမိတို့အနေဖြင့် ကွန်ပျူတာသိပ္ပံ၊အိုင်တီဘွဲ့များရထားသည်ပဲဖြစ်ဖြစ် အခြားသော သိပ္ပံ၊သင်္ချာ၊စီးပွားရေးအစရှိသော ဘွဲ့များရရှိထားသည်ပဲဖြစ်ဖြစ်၊ တက်ရောက်ပညာသင်ကြားနေသူပဲဖြစ်ဖြစ် programmer လုပ်ဖို့ ရည်ရွယ်ထားသည်ဆိုလျှင် programming ဘာသာရပ်များကို တစိုက်မတ်မတ်လေ့လာသင်ကြားထားခြင်းဖြင့် ဒီနယ်ပယ်ထဲကိုဝင်ရောက်ဖို့အဆင်သင့်ဖြစ်နေစေမှာပဲဖြစ်ပါတယ်။တစ်ခုရှိတာက မိမိတို့အနေဖြင့် အချိန်မရ၍သော်လည်းကောင်း၊ သင်တန်းများတက်ရောက်သင်ကြားဖို့ ငွေရေးကြေးရေးအခက်အခဲရှိလျှင်သော်လည်းကောင်းမလေ့လာနိုင်သည့်အတွက် စိတ်သောကရောက်ရန်အကြောင်းတော့မရှိပေ။သင့်မှာသာ ကွန်ပျူတာတစ်လုံးနှင့် အင်တာနက်ချိတ်ဆက်မှုသာရနေမည်ဆိုလျှင် programming ဘာသာရပ်များကို အခမဲ့လေ့လာနိုင်သော အလွန်ကောင်းမွန်သည့် websites များစွာရှိနေပါသည်။ မိမိတို့ဖက်ကအချိန်ပေးပြီး စနစ်တကျလေ့လာကြမည်ဆိုလျှင် မိမိတို့ရဲ့ကြိုးစားအားထုတ်မှုပေါ်မူတည်ပြီး အဆင့်တစ်ခုကိုရောက်ရှိနိုင်မှာဖြစ်ပါတယ်။
တစ်ခုရှိတာကတော့ မိမိတို့အနေဖြင့် အခြေခံ ဗဟုသုတရှိထားနိုင်မည်ဆိုလျှင်တော့ပိုမိုအဆင်ပြေမှာပါ။ ပရိုဂရမ်ရေးသားခြင်းလုပ်ငန်းအဖို့ အမြဲတစေလေ့လာနေရသည့် လုပ်ငန်းသဘောသဘာဝရှိပြီး ဒီနယ်ပယ်မှာ self-study နည်းလမ်းဖြင့် အမြဲတမ်းလေ့လာနေဖို့လိုအပ်ပါသည်။ မိမိတို့ကိုယ်တိုင်လေ့လာပြီးသင်ကြားတတ်မြောက်အောင်ကြိုးပန်းအားထုတ်ခြင်းအလေ့အကျင့်က သင့်ကို professional တစ်ယောက်ဖြစ်စေနိုင်မယ့် အဖိုးတန်အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့်ယခုဆောင်းပါးမှာ programming ဘာသာရပ်များကိုလေ့လာနိုင်မည့် ထိပ်တန်း websites များကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ယခုဖော်ပြမည့် websites များအနက်အချို့သော websites များအဖို့ သိရှိကြပြီးဖြစ်နိုင်သော်လည်း အချို့သော websites များကတော့ မသိရှိကြသေးနိုင်မည်မဟုတ်ပေ။ ဒီ sites များမှာ လေ့လာနိုင်သော programming ဘာသာရပ်များစွာတူညီနေနိုင်သော်လည်း တစ်ခုနဲ့တစ်ခု ပုံစံမတူသောကြောင့် ဖြန့်ကျက်လေ့လာခြင်းအားဖြင့် အသေးစိတ်ပိုမိုသိရှိနိုင်မှာလည်းဖြစ်ပါတယ်။ထို့ပြင် ပရိုဂရမ်မာတစ်ယောက်အဖို့ လုံးဝမသိမဖြစ်၊မတတ်မဖြစ်သော programming ဘာသာရပ်များကို အဓိကထားပြီး လေ့လာနိုင်သောသောကြောင့် အခြေခံအုတ်မြစ်ခိုင်မာစေနိုင်မှာပဲဖြစ်ပါတယ်။
Code Academy
https://www.codecademy.com/
2011 ခုနှစ်ကတည်းကစတင်တည်ထောင်ထားသော Code Academy ရဲ့ ပင်မဦးတည်ချက်ကတော့ သင့်အနေဖြင့် အခြားသောလုပ်ငန်းနယ်ပယ်မှာလုပ်နေပါက အဆိုပါနယ်ပယ်မှနေပြီး programming နယ်ပယ်လုပ်ငန်းသို့ ပြောင်းရွှေ့နိုင်စေဖို့ရည်ရွယ်ကာသင်ကြားပေးပါတယ်။ အဆိုပါ site ကိုအသုံးပြုပြီး coding အကြောင်းလုံးဝမသိဘဲနှင့် လေ့လာသင်ကြားပြီးအောင်မြင်သွားကြသော success stories များစွာကို လည်းဖော်ပြပေးထားရာသင့်အတွက်တော့ အားကျအတုယူဖွယ်ရာလည်းဖြစ်မှာပါ။ Code Academy မှာ အခြေခံကစပြီးသင်ကြားနိုင်တဲ့အတွက်အတွက် အဆင်ပြေစေမှာဖြစ်ကာ အဲဒိထဲမှာ ယနေ့ခေတ် အရေးပါသော interactive websites များကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့သင်ခန်းစာတွေလည်းပါဝင်ပါတယ်။ သင့်အနေဖြင့်သင်ကြားနိုင်တဲ့ဘာသာရပ်တွေကတော့ Rails,Angularijs, Rails Auth, The Command Line, HTML & CSS, Java Script, iQuery,PHP ,Python နှင့် Ruby ဘာသာရပ်များပဲဖြစ်ပါတယ်။ ထို့ပြင် ပရိုဂရမ်အသစ်များစွာကိုလည်း ပုံမှန်ဖြည့်သွင်းပေးလျှက်ရှိပဲတယ်။
Code Academy မှာသင်ကြားပေးနေတဲ့ courses တွေက free ဖြစ်တာကြောင့် လူသိတော်တော်များပြီး coding ဘယ်လိုရေးရမလဲဆိုတာကိုလေ့လာသင်ကြားနေသူတွေကြားမှာ လေးစားမှုများစွာနဲ့ရပ်တည်လျှက်ရှိပါတယ်။ သင့်အနေဖြင့်စတင်လေ့လာမယ်ဆိုလျှင် account တစ်ခုကို လုပ်ဆောင်ပြီး tutorials, forums တွေမှာလေ့လာနိုင်သလို သင့်ရဲ့ code တွေကိုစမ်းသပ်နိုင်မယ့် sandboxes တွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။အကယ်၍သင်က expert တစ်ယောက်ဖြစ်သွားပြီဆိုလျှင်လည်း သင်ကျွမ်းကျင်ရာ ဘာသာရပ်တွေကို ကိုယ်ပိုင်သင်ခန်းစာများအဖြစ်အခြားသူများလေ့လာနိုင်စေရန် ဒီ website မှာတင်ပေးထားနိုင်မှာလည်းဖြစ်ပါတယ်။
Kahn Acacemy
https://www.khanacademy.org/
Kahn Academy မှာတော့ programming သာမက “you can learn anything” လို့ဆိုထားတဲ့အတွက် အခြားသော ဘာသာရပ်များဖြစ်တဲ့ math, science,history,art and economics စတဲ့ဘာသာရပ်များကိုပါလေ့လာနိုင်ပါတယ်။ ဒီ Kahn Academy ဟာ ကမ္ဘာကျော်ပညာရေးအဖွဲ့အစည်းကြီးဖြစ်တာနဲ့အညီ NASA နှင့် MIT တို့ကဲ့သို့သော အဖွဲ့အစည်းများနဲ့မိတ်ဖက်ပြုလုပ်ထားကာ အဆိုပါအဖွဲ့အစည်းများမှကူညီထောက်ပံ့ပေးထားသောသင်ခန်းစာများစွာကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်။
ကိုယ်လေ့လာမယ် course တစ်ခုမှာ များစွာသောလေ့ကျင့်ခန်းတွေ၊ဗီဒီယိုသင်ခန်းစာတွေ၊ဂိမ်းတွေအပြင် သင့်အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုအရည်အသွေးများတိုးတက်လာစေနိုင်ဖို့ ကူညီမှုများစွာလုပ်ဆောင်ပေးထားပါတယ်။ Computer Programming ဘာသာရပ်များမှာတော့ drawing and animation, SQL, HTML/CSS,JavaScript အပြင်အခြားသော ဘာသာရပ်များစွာပါဝင်ပါတယ်။ ဒီဝန်ဆောင်မှုက အားလုံးအခမဲဖြစ်ပြီး courses တွေကို ဘာသာစကားပေါင်း ၄၀ဖြင့်လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီ site ကိုတည်ထောင်သူတွေရဲ့ အဆိုအရ အကျိုးအမြတ်အတွက်လုပ်ဆောင်တာမဟုတ်ဘဲ အမြဲတမ်း free ရနိုင်ကာ ကြော်ငြာများကိုလည်းဖော်ပြခြင်းပြုမှာမဟုတ်ဘူးလို့ဆိုပါတယ်။
The Code Player
http://thecodeplayer.com/
The Code Player ကတော့ အနည်းဆုံးအခြေခံ coding ပိုင်းတွေနဲ့ပတ်သက်ပြီးရင်းနှီးကျွမ်းဝင်ပြီးသားသူတွေအတွက်ပိုမိုသင့်လျော်ပါတယ်။ ဒီ site မှာ အဓိကအားဖြင့် web developing ပိုင်းအတွက် အခရာကျလှသော HTML 5,CSS3 နှင့် Java Script တို့ကို ဦးစားပေးသင်ကြားကာ အခြားသောဘာသာရပ်များစွာကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ သင့်အနေဖြင့် ဒီ site ကို log in ဝင်ပြီးကြည့်ရှုတဲ့အခါ ပရိုဂရမ်တစ်ခုကိုဘယ်လိုဖန်တီးရေးသားရသလဲဆိုတဲ့ process တွေကိုပြသထားတာမြင်တွေ့ရမှာဖြစ်ပါတယ်။ တစ်ဖက်မှာ coding တွေကိုရေးသားပြပြီး အခြားတစ်ဖက်မှာတော့ အဆိုပါ ရေးသားလိုက်တဲ့ coding တွေကြောင့်ဘယ်လိုမျိုး UI တွေထွက်လာမလဲ ဆိုတာကိုမြင်တွေ့ရမှာပါ။ ဒီစနစ်က အခြားသော courses တွေမှာ လို tutorials ,exercises နှင့် videos ဖိုင်များနဲ့သင်ကြားပေးနေတာတွေနဲ့မတူကွဲပြားသော နည်းစနစ်တစ်ခုဖြစ်ပါတယ်။
သင့်အနေဖြင့် walkthrough ကိုရွေးတဲ့အခါ ဆိုခဲ့သလို program များရေးသားနေတာကိုတွေ့မြင်ရမှာဖြစ်ပြီး setting မှနေပြီး ပိုမိုမြန်အောင်လည်းလုပ်ဆောင်ထားလို့ရသလို pause လုပ်ထားလို့လည်းရပါတယ်။ HTML5, CSS နှင့် Java Script တို့ကို ပြောင်းလဲကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အများစုသော tutorials တွေက free ဖြစ်ကာ သင့်ရဲ့ email နဲ့ sign up လုပ်ပြီးကြည့်ရှုလေ့လာမယ်ဆိုလျှင်တော့ ပိုမိုများပြားစုံလင်သော walkthrough များနှင့် tutorials များစွာကို လေ့လာနိုင်မှာဖြစ်ပါတယ်။
Code School Website
https://www.codeschool.com/
Code School က သင့်ကို “learn to code by doing” ဆိုတဲ့ပုံစံမျိုးဖြစ်စေချင်တဲ့အတွက် သင့်အနေဖြင့် လေ့ကျင့်ခန်းတွေကို ကိုယ်တိုင်လုပ်ဆောင်ပြီးလေ့လာသင်ကြားရမှာဖြစ်ပါတယ်။ Content တွေကိုလေ့လာနေတာထက် မိမိတို့ကိုယ်တိုင်လုပ်ဆောင်ခြင်းဖြင့် တွေ့ကြုံလာရသောအမှားများစွာကနေလေ့လာသင်ကြားရခြင်းက တကယ့်ပြင်ပလုပ်ငန်းခွင်မှာ လုပ်ဆောင်နေမှုများကို သိရှိနိုင်မှာဖြစ်ကာ လက်တွေ့အသုံးချနိုင်စေမှာဖြစ်ပါတယ်။ သင်ကြိုက်နှစ်သက်ရာလမ်းကြောင်းတွေကိုရွေးချယ်ပြီးလေ့လာနိုင်ပါတယ်။ အဲဒါတွေကတော Ruby Path, JavaScript Path, HTML/CSS Path, iOS Path နှင့် Git Path တို့ပဲဖြစ်ပါတယ်။ Development strategies တွေကိုဦးတည်ထားတဲ့ သီးခြား Elective Path တွေကိုလည်းရွေးချယ်လေ့လာနိုင်စေမှာဖြစ်ပါတယ်။
Courses တွေက ပျော်ရွှင်ဖွယ်ကောင်းအောင်စီစဉ်ထားပြီး ဇာတ်လမ်းပုံပြောသည့် ဂိမ်းတစ်ခုနှင့်ခပ်ဆင်ဆင် ဒီဇိုင်းပြုလုပ်ထားပါတယ်။ Introductory course တွေကတော့ free ဖြစ်ပေမယ့် ပိုမိုလေ့လာလိုပါက လစဉ်ကြေး USD 29 သို့မဟုတ် နှစ်စဉ်ကြေး USD 290 ဖြင့်လေ့လာနိုင်မှာဖြစ်ပါတယ်။
HTML 5 Rocks
http://www.html5rocks.com/en/
HTML 5 Rocks ကတော့ Google ရဲ့ project တစ်ခုဖြစ်ပါတယ်။ HTML5 ကအလွန်အရေးကြီးတဲ့ဘာသာရပ်ဖြစ်ပြီး Web development ပိုင်းမှာ standard အသစ်တစ်ခုလည်းဖြစ်ပါတယ်။ထို့ပြင် အလွန်အဖိုးတန်သော ဘာသာရပ်ဖြစ်ပြီး mobile,gaming သို့မဟုတ် business ပိုင်းတွေများစွာမှာအသုံးတည့်မှာဖြစ်ပါတယ်။ HTML 5 Rocks မှာ HTML 5 ကို ဆရာတစ်ဆူဖြစ်နိုင်တဲ့အထိလေ့လာနိုင်အောင်စုံလင်ပြည့်စုံစွာ သင်ကြားပေးပြီး tutorials တွေမှာ နောက်ဆုံးထပ်မံဖြည့်စွက်ထားမှုတွေနဲ့ resources များစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။ Resources တွေထဲမှာတော့ စာအုပ်တွေ၊ demos,tutorials,videos တွေအပြင် လေ့လာသင်ကြားဖို့လိုအပ်သည့်အရာများစွာကိုပံ့ပိုးပေးထားပါတယ်။ ဒီ site ကလုံးဝ free ဖြစ်ပါတယ်။ဆိုလိုတာကတော့ subscription လုပ်စရာမလိုအပ်သလို locked content တွေလည်းမရှိဘဲ ဝင်ပြီးချက်ချင်းလေ့လာနိုင်မှာဖြစ်ပါတယ်။
Programmr
http://www.programmr.com/
Programmr ကသင်ကိုယ်တိုင်လုပ်ဆောင်ပြီးလေ့လာနိုင်မယ့် တကယ့်ကို ကြီးမားတဲ့ resource တစ်ခုဖြစ်ပါတယ်။ Beginners တွေက စတင်လေ့လာဖို့ဒီ site ကိုအသုံးပြုနိုင်သလို အတွေ့အကြုံရှိပြီးလုပ်ငန်းခွင်ဝင်နေသူများအဖို့လည်း သူတို့ရဲ့ skills တွေကို လေ့ကျင့်ဖို့နဲ့ ပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒီ site မှာ coding simulators ပါဝင်တဲ့အတွက် သင့်ရဲ့ code တွေကိုရေးသားပြီး mobile, databases, Web နဲ့ media apps များစွာကို သင့်ရဲ့ browser မှာ စမ်းသပ်နိုင်မှာဖြစ်ပါတယ်။
Programmr မှာပါဝင်သော courses တွေကသင့်ကို hands-on coding practice တွေနဲ့အတူ step-by-step ခေါ်ဆောင်သွားမှာဖြစ်ပြီး programming ဘာသာရပ်စုံလင်စွာလေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ Android, iOS, Java,J2EE,PHP,AngularJs,BackboneJs, C++,C#,Flash,Games,HTML/CSS,jQuery,JS,Phonegap,Python,Ruby ,SQL စသဖြင့် စုံလင်စွာလေ့လာနိုင်မှာဖြစ်ပါတယ်။ Java,C++,C#,Python နှင့် PHP တွေအတွက် သင့်ရဲ့ တိုးတက်မှုများအလိုက် certified လက်မှတ်များလည်းရရှိနိုင်မှာဖြစ်ပါတယ်။
Code Avengers
https://www.codeavengers.com/
သင့်အနေဖြင့် Web pages တွေရေးချင်တာပဲဖြစ်ဖြစ်၊ apps နဲ့ games တွေရေးချင်တာပဲဖြစ်ဖြစ် Code Avengers ကတော့ သင်လိုအပ်မယ့် skills တွေကိုဖြည့်ဆည်းပေးနိုင်မယ့်ကြီးမားသော resource တစ်ခုဖြစ်ပါတယ်။ Beginners များအတွက်ရော၊အတွေ့အကြုံအတန်အသင့်ရှိသူတွေအတွက် ပါ courses တွေကို ဒီဇိုင်းလုပ်ထားပြီး course တစ်ခုချင်းစီအတွက်ပြီးမြောက်အောင်လေ့လာဖို့ ၁၂နာရီသာကြာမြင့်မှာဖြစ်ပါတယ်။ သင်ကြားလေ့လာနိုင်မှာဖြစ်သလို သင့်အနေဖြင့် apps,games နဲ့ websites တွေကိုဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။
Introduction courses တွေအားလုံးက free ဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ အခကြေးငွေပေးရမှာဖြစ်ပါတယ်။ Level 1 ကတော့ USD 29 ဖြစ်ပြီးအဲဒါက Introduction ပြီးရင်လာမယ့် course ဖြစ်ပါတယ်။ Level 2 ကတော့ USD 39 ဖြစ်ပါတယ်။ လေ့လာနိုင်သော course ၇ ခုအတွက် “lifetime access” ကတော့ တစ်ကြိမ်အတွက် USD 146 ကျသင့်မှာဖြစ်ပါတယ်။ဒီ course တွေထဲမှာ JavaScript,HTML 5 & CSS 3 နှင့် Python 3 တို့လည်းပါဝင်မှာဖြစ်ပါတယ်။
MIT Open Courseware
http://ocw.mit.edu/index.htm
ကမ္ဘာ့နံပတ် ၁ နည်းပညာတက္ကသိုလ်ဖြစ်တဲ့ MIT ရဲ့ course တွေကို အခကြေးငွေမပေးဘဲသင်ကြားနိုင်တဲ့ MIT Open Courseware တွေကတော်တော်နာမည်ကြီးပါတယ်။ ဒီတက္ကသိုလ်က သူတို့ရဲ့ course material တွေကို online မှလူတိုင်းအခမဲ့ ရယူနိုင်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီးသူတို့ရဲ့ classes တွေထဲမှာသင်ကြားနေသလိုမျိုးသင်ကြားနိုင်အောင်လုပ်ဆောင်ပေးထားပါတယ်။ Courses ပေါင်း 2,260 တွေရဲ့ materials တွေကို educators တွေ၊ ကျောင်းသားတွေနဲ့ ကိုယ်ပိုင်လေ့လာလိုသူများစွာအတွက် ထောက်ပံ့ပေးအပ်ထားပါတယ်။
သင့်အနေဖြင့် courses တွေကိုခေါင်းစဉ်အလိုက်ရှာဖွေနိုင်ပြီး programming ဘာသာရပ်တွေကတော့ Engineering topic အောက်မှာ sub-topic အဖြစ်ရှိနေသော Computer Science အောက်မှာရှာဖွေနိုင်ပါတယ်။Undergraduate နှင့် graduate course များကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ သင့်အနေဖြင့် C++,Java,graphics,animation,computer science fundamentals နှင့်အခြားသော programming ဘာသာရပ်များစွာကိုလေ့လာနိုင်မှာဖြစ်ပါတယ်။
W3 Schools
http://www.w3schools.com/
W3 Schools ကတော့ Web developers များအတွက်ရေပန်းအစားဆုံး site ဖြစ်ပြီး တစ်လကို ဝင်ရောက်လေ့လာသူ 40 million ရှိပါတယ်။အဲဒိမှာ CSS နဲ့ပတ်သက်တဲ့များစွာသော ဗီဒီယိုဖိုင်တွေကိုကြည့်ရှုနိုင်မယ့် YouTube channel ကိုလည်းတွေ့မြင်နိုင်မှာဖြစ်သလို သင်မေးမြန်းချင်တာတွေကို comments အဖြစ်ရေးသားနိုင်ပြီးအဖြေများရရှိနိုင်မှာဖြစ်ပါတယ်။ W3 Schools ရဲ့အဓိက ဦးစားပေးထားသင်ကြားပေးတာတွေကတော့ HTML/CSS,JavaScript,HTML Graphic,Server Side, Web Building နှင့် XML Tutorials များပဲဖြစ်ပါတယ်။ စတင်လေ့လာသူများအတွက်တော့ တော်တော်လေးပြည့်စုံတဲ့ site တစ်ခုဖြစ်ပါတယ်။
Tutorials တွေမှာ code examples တွေကိုလည်းတွေ့မြင်နိုင်ပြီး အဆိုပါ code များကို browser မှာ ဘယ်လိုပေါ်မလဲဆိုတာကိုမြင်တွေ့ရနိုင်စေဖို့ manipulate လုပ်နိုင်မှာဖြစ်ပါတယ်။ ဒီ site က free ဖြစ်ပြီး လွယ်ကူစွာ navigate လုပ်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ W3 Schools Certification Program လည်းရှိပြီး သင့်အနေဖြင့် သတင်းပတ်အနည်းငယ်အတွင်း ပရိုဂရမ်တွေကိုလေ့လာသင်ကြားပြီးပါက certificate များကိုရယူနိုင်ပါတယ်။ Certificate များကို HTML,HTML5, CSS, JavaScript, jQuery, PHP ,Bootstrapt နှင့် XML တို့အတွက် ရရှိနိုင်ကာ certificate တစ်ခုစီအတွက် USD 95 ကျသင့်မှာဖြစ်ပါတယ်။
===============================
Nyein Chan(BE-IT)