Pages

Wednesday, December 25, 2013

ဖေ့ဘွတ် နှင့် ဘလော့ဂါ ဟန်ချက်ညီရေးအတွက် ဒီလို လုပ်ရင်ကောင်းမယ်




ဒါကတော့ ဘလော့ဂါသူငယ်ချင်းတွေအတွက် ဟန်ချက်ညီညီ လုပ်ဆောင်နိုင်စေဖို့ 

အပြုသဘောလေး ဆွေးနွေးမှုပါ ။ ခေတ်ကိုက ဖွဘုတ်ခေတ်ဆိုတော့ လူတိုင်းနီးပါ

သုံးနေကြပါတယ်။ နိုင်ငံတော့်သမ္မတ ကနေ ကလေးသူငယ်အထိ သုံးနေကြတော့

ဘလော့ဂါတွေ ပေါ်လစီအရ ဖေ့ဘွတ်ကို ပစ်ပယ်ထားလို့ မရပါဘူး ။ အရင်ကဟာ

ထားလိုက်တော့ ။ သမ္မတစကား ခိုးပြောရမယ်ဆိုရင် နောက်ကြောင်းပြန်တဲ့သူတွေ

ကျန်ခဲ့မှာပါ..း)..း).. . ဆိုလိုတာကတော့ ခေတ်စနစ်နဲ့ အညီ ပြောင်းလည်းနေနိုင်ဖို့ 

လက်ခံနိုင်ဖို့ ပါ ။ ဆိုတော့ကာ  ဖေ့ဘွတ်ကို ရှယ်ယာ စနစ်နဲ့ စာလေးတွေ တင်ပေး

ပို့ ပေးထားရင် ဖြတ်သွားဖြတ်လာ  မြင်မိသော် စိတ်ဝင်းစားတာဆိုရင် လာပီးတော့

ဖတ်မှာပါ ။ ဖတ်စေချင်လို့ ရေးကြတာပဲ ဘယ်သူမှမလာလာဆို ဘယ်ကောင်းမလဲ

လူစည်ကားတော့ ပိုးအားမရှိဘူးလား မပျော်ဘူးလား ။ ဒီနည်းလမ်းလေးလုပ်လိုက်

အဆင်းကို ပြေးစေရမယ် ။ ဘယ်လိုလည်းဆိုတော့ အကောင့်ရှိရုံနဲ့  မရသေးပါဘူး

ခေတ်စားနေတာက Fan Page လေ ။ အဲ့တော့  အကောင့်ရှိတာနဲ့ Fun Page က

လုပ်လို့ လွယ်ပါတယ် လုပ်ပီးရင် ဘလော့မှာ တွဲချိတ်ထား။ ဒါမှသူများတွေဆိုဒ်လို


ဖေ့ဘွတ်ပေါ်က ဖတ်ချင်ရင် Like နှိပ်ခဲ့ပါဆိုတာ ထည့်လို့ ရမှာ။ စာရေးသူအနေနဲ့ 

ဘလော့မှာ တင်တဲ့စာတွေကို  Share Faebook နှိပ်ပီး  Funpage ကို တင်ပေးပါ

အဲ့ဆိုရင်  စောစောက ပြောထားသလို   Like လုပ်တာနဲ့  Facebook ပေါ်က ဖတ် 

ရမှာလေ ။ ကိုယ့်အနေနဲ့ ကလည်း  Funpage  ထဲကို  စာတွေ  Share ပေးရမယ်

ဒီလိုဆို Like လုပ်သူက   ဖတ်လို့ ရပြီ ။  စိတ်ဝင်စားတဲ့သူက  လမ်းကြုံကတဆင့်

ဘလော့ထဲ ၀င်လာမှာပါ ။ ဒီနည်းကလည်း  လူများစေတဲ့ နည်းတမျိုးပါပဲ..........။


အဆင့် - ၁ 

ဒီလင့်မှာ Faebook Fan Page တစ်ခု သွားလုပ်ပါ - www.facebook.com/page




 အဆင့် - ၂

Fanpage ရလာပီဆိုရင် Blog ထဲကို တွဲထည့်ဖို့  Likebox ထပ်လုပ်ပေးရပါအုံးမယ်

အရေးကြီးဆုံးက Funpage URL မမှားစေနဲ့ နော်။မှန်ရင် ဘေးမှာ နမူနာပေါ်တယ် 

ဒီလင့်ကနေသွားလုပ်ပါ - http://developers.facebook.com-like box



 အဆင့် - ၃ 

Get code နှိပ်ပီး ထွက်လာတဲ့ဟာမှာမှ နံပတ် ၂ကိုယူပြီး ဘလော့ထဲမှာ လာပြီးထည့်

အဲ့ဆို Facebook နဲ့ Blogger က ဟန်ချက်ညီပါပြီ.Like လုပ်ကြဖို့ ပဲလိုပါတော့တယ်




ဘလော့ဂါ သူငယ်ချင် အပေါင်း အဆင်ပြေကြပါစေ... ဖလမ်း....ဖလမ်း..............။

ကျနော့ Funpage လိပ်စာက  - http://www.facebook.com/maungsssk

.

0 comments:

Post a Comment