Pages

Saturday, January 25, 2014

Galaxy Note 3 SM-N900 (4.4.2-KitKat)ဗားရှင်း အား Root လုပ်ပြီး TWRP recovery သွင်းနည်း



Share This
Tags

Galaxy Note 3 SM-N900 (4.4.2-KitKat)ဗားရှင်းကိုင်ဆောင်သူများအတွက် Root လုပ်ပြီး CWM သွင်းနည်းလေးကို ဖော်ပြလိုက်ပါတယ်..အောက်ပါ Tutorial အတိုင်း ကိုယ်တိုင်ကိုယ်ကျ လိုက်လုပ်ပါက အမှားအယွင်းမရှိပါကြောင်း ဖောက်သည်ချလိုက်ပါတယ်.။အရင်ဆုံးလိုအပ်တာတွေကိုအောက်မှာ Download လုပ်နိုင်ပါသည်။
Odin3 v 1.85 အားဒေါင်းရန်
CF-Auto-Root ဖိုင်အားဒေါင်းရန်
TWRP recovery အားဒေါင်းရန်
Samsung USB Driver ဒေါင်းရန်(ရှိပြီးသားဖြစ်ပါက ဒေါင်းရန် မလိုပါ)
ပြီးရင် Odin ကို Zip ဖြေထားပါ။
ဖုန်းထဲမှာ Settings> General> Developer options မှာ USB Debugging ကို ခေါက်ခြစ်ထားပါ။
ettings> General> Security မှာ  Reactivation Lock ကို ပိတ်ထားပါ။
ပြီးရင် ဖုန်းကို ပိတ် ကာ  Download mode ၀င်ပါမယ်.. Download Mode ၀င်ဖို့အတွက် ဖုန်းရဲ့ Vol- Power  Home ကိုတွဲနှီပ်ထားပါ။ပထမပုံအတိုင်းဖြစ်လာပါမယ့်။Vol+ ဆက်နှိပ်ပါ။ဒုတိယပုံအတိုင်းဖြစ်သွားရင် download mode ရောက်ပါပြီ။

အပေါ်ကပုံအတိုင်းဖြစ်ပြီဆိုရင် ဖုန်းကို USB ကြိုးနဲ့ကွန်ပျူတာကို ထိုးလိုက်ပါ။ ကွန်ပျူတာကပေါ်က Odin အောက်နားက com မှာ အရောင်လေးလက်လာရင် ok ပါပြီ။အရောင်မလာဘူးဆိုရင် USB driver,ကြိုး တစ်ခုခုပြန်စစ်ပါ။အောက်ပါအတိုင်းဖြစ်ရပါမယ်..။

ပြီးရင် Odin ရဲ့ PDA မှာ အပေါ်ကအခုနဒေါင်းထားတဲ့ CAF-Auto root ဖိုင်ကို ရွေးပေးလိုက်ပါ။ Start နှီပ်ပါ။ခဏကြာရင် အပေါ်ကလို PASS ပြရင် root ပေါက်ပါပြီ။
ပြီးရင် CWM သွင်းဖို့အတွက်ကိုလည်း နောက်တစ်ခါ Odin ပြန်ဖွင့် PDA မှာ အပေါ်ကဒေါင်းထားတဲ့ TWRP ဖိုင်ကိုရွေးပြီး START နှိပ်ပါ။ PASS ပြရင် CWM သွင်းပြီးဖြစ်ပါတယ်..။
အားလုံးအဆင်ပြေပါစေ။

0 comments:

Post a Comment